ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံ

ဆင်ပေါင်ဝဲ မေ ၂၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအနေရွယ်ကလေးများ ပညာသင်ကြားနိုင်ရေး  အခြေခံပညာကျောင်းများ၌ ကျောင်းအပ်ခြင်းကို ယနေ့နံနက် ၈ နာရီမှ စတင်၍ လက်ခံလျက်ရှိကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် မေလ (၂၂) ရက်နေ့မှ စတင်၍ ဇွန် (၁) ရက်နေ့အထိ ကျောင်းသား/ သူများအား ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား/ သူများ ကျောင်းအပ်နှံရာတွင် ကျောင်းသုံးပစ္စည်းများဖြစ်သည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ဝတ်စုံတို့အား နိုင်ငံတော်အစိုးရက အခမဲ့ပေးလျက်ရှိကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)