ဒေးဒရဲ မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၈) နာရီက စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၂၁) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအားလုံး ကျောင်းနေနိုင်ရေးနှင့် စဉ်ဆက်မပြတ်ပညာသင်ယူနိုင်ရေးအတွက် ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၂၁)ကျောင်းတွင် (၂၀၂၅)ခုနှစ် မေလ (၂၂)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့ထိ ကျောင်းအပ်နှံရေးနေ့အဖြစ်သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်ကသင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကရိယာများနှင့် ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)