ပေါက်မြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပေါက် မေ ၂၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၌ မြို့နယ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်စကားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတွင် ပေါက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးနေဇော်က အဖွင့်အမှာစကားပြောကြားပြီး၊ ပေါက်မြို့နယ် ပညာရေးမှူး(တာဝန်ခံ) ဆရာကြီး ဦးခင်မောင်ဆန်းက ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရခြင်းအား ရှင်းလင်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ပေါက်မြို့နယ်ရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း