နတ်မောက်မြို့၌ ပြည်သူများ စိတ်လက်ချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရေးအတွက် ပန်းခြံသာယာလှပရေးဆောင်ရွက်

နတ်မောက် မေ ၂၂    

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ပြည်သူများ စိတ်လက်ချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ပန်းခြံသာယာလှပရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေ့စဉ်လူမှုဘဝဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသော လူမှုပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ မျက်စိပသာဒဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ခုရှိရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သာယာလှပရေးနှင့် အများပြည်သူ စိတ်လက်ချမ်းသာစွာ အပန်းဖြေ အနားယူနိုင်ရေးအတွက် ပန်းခြံများသာယာလှပရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လွတ်လပ်ရေးကျောက်တိုင်ပန်းခြံအား ယခုနှစ် မိုးရာသီကာလအမီ မြေယာရှုခင်း (Landscaping)ပြုလုပ်ရန်အတွက် မလိုအပ်သည့် ပန်းအလှပင်များ ခေတ္တရွှေ့ပြောင်းခြင်း၊ မြက်ခင်းပြုလုပ်ရန် မြေပြုပြင်ရေး လုပ်ငန်းများအား အဖွဲ့ပိုင်မီနီဘက်ဟိုးဖြင့် မြေဆွခြင်း၊ နွားလှည်းဖြင့် ထွန်ယက်ခြင်း၊ မြေညှိခြင်း၊ မြေဆွေး၊ မြေဩဇာထည့်ခြင်း လုပ်ငန်းများအား အမှုဆောင်အရာရှိ၊ တာဝန်ခံအင်ဂျင်နီယာတို့မှ ကြီးကြပ်၍ အဖွဲ့သာယာလှပရေး လုပ်သားများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူမူစန်း