နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အသိပညာပေး နံရံကပ်စာစောင်များပြသ

နတ်မောက် မေ ၂၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးရှေ့တွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်းဆေးဝါးအန္တရာယ် အသိပညာပေး  နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်များတွင် ပြည်သူများသိရှိလိုက်နာရမည့် အချက်များဖြစ်သည့် ကလေးအလုပ်သမားပပျောက်ရေးအတွက် နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေး၊ လူရွယ်၊ လူငယ်၏ အဓိပ္ပာယ် ဖော်ပြချက်များနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးအန္တရာယ်များ စသည့် အချက်များပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ လူငယ်လူရွယ်များ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။

မူမူစန်း