ဓနုဖြူ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်ရေး ဆွေးနွေးပွဲကို ယနေ့ မေလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ မအူပင်ခရိုင် ပညာရေးမှူး ဒေါက်တာသန္တာဆွေက ကျောင်းနေအရွယ်ကလေးများ ရာနှုန်းပြည့် ကျောင်းအပ်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးလှဌေးက ကျောင်းနေအရွယ်ကလေးများ အတန်းစဥ်ကူးပြောင်းမှု ရာနှုန်းပြည့် ကျောင်းအပ်နိုင်ရေးနှင့် ကျောင်းများဖွင့်လှစ်နိုင်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မအူပင်ခရိုင် ပညာရေးမှူး ဒေါက်တာသန္တာဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးလှဌေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းအုပ် ဆရာ/ဆရာမကြီးများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)