ညောင်တုန်း မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းနေ အရွယ်ကလေးများရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ရေး ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြား၍ မအူပင်ခရိုင် ပညာရေးမှူး ဒေါက်တာသန္တာဆွေက ကျောင်းနေအရွယ်ကလေးများ ရာနှုန်းပြည့် ကျောင်းအပ်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးထွန်းမြင့်က ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းများ ဖွင့်လှစ်နိုင်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မအူပင်ခရိုင် ပညာရေးမှူး ဒေါက်တာသန္တာဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များက အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းစိုက်ထူခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)