ဟင်္သာတမြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ဟင်္သာတ   မေ   ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ဥယျာဉ် မြောက်ရပ်ကွက်၊ မန်းဘခိုင်လမ်းရှိ အမှတ် ၅ အခြေခံပညာအထက်တန်း၌ ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင် ဦးဆောင်၍ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းကခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ဟင်္သာတမြို့နယ် မိခင်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့်အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ ပူးပေါင်း၍ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့် လှစ်ချိန်တွင် ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်နိုင်ရန်အတွက် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အခြေခံပညာကျောင်းများရှိ ပိုးလောက်လန်း ပေါက်ဖွားနိုင်သောနေရာများ၊ ရေကန်များအတွင်း အဘိတ်(Abate) ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ပညာရေးဌာနနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)