ဟိုင်းကြီးကျွန်းမြို့၌ မိုးစပါးရေတော်မိုးတော်ဧရိယာတွင် သစ်စိမ်းမြေသြဇာထည့်သွင်း နိုင်ရေးအတွက် မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲကျင်းပပြုလုပ်

ဟိုင်းကြီးကျွန်း မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် စပါးရေတော်မိုးတော်ဧရိယာ၌ သစ်စိမ်းမြေသြဇာထည့်သွင်းနိုင်ရေးအတွက် မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ခြင်းကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က မရမ်းကွင်းကျေးရွာအုပ်စု၊ မရမ်းကွင်းကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ငပုတောမြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့်တာဝန်ရှိသူများသည် အခမ်းအနားတက်ရောက်လာသော တောင်သူများအား ရေတော်၊ မိုးတော်ဧကများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ချ ကြဲပက်မြေမြှုပ် စိုက်ပျိုးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်ဧက(၁၀)တင်း ပိုထွက်ရှိရေး၊ တစ်သီးမှသုံးသီး စိုက်ပျိုးရေး၊ လမ်းဘေးဝဲယာ ရိုးပြတ်ကျန်မှုမရှိရေး၊ အဓိကသီးနှံ(၁၀) မျိုးပန်းတိုင် အထွက်နှုန်း ရောက်ရှိရေး၊ စိုက်ဘဏ်ချေးငွေများပေးဆပ်ရေးနှင့် စိုက်ပျိုးရေး အသိပညာ ပေးဆွေးနွေး ဟောပြောရှင်းလင်းပြီး တောင်သူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်) မျိုးစေ့များ ပေးအပ်၍ တောင်သူဒေါ်စိန်ဝင်း၊ ဦးကြည်မြင့်တို့၏ ကွင်းအမှတ် ၆၆၄၊ ဦးပိုင်အမှတ် (၁+၂+၃)၊ ဧရိယာ (၁၈.၉၅)ဧကပေါ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်) မျိုးစေ့များကြဲပက်စိုက် ပျိုးပေးခဲ့ကြောင်းသိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်းပြန်/ဆက်)