မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦအောင်သူဦး တောင်တွင်းကြီးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး

တောင်တွင်းကြီး မေ ၁၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တာဝန်ရှိသူများသည် မေလ(၁၀)ရက်နေ့ နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှု့စစ်ဆေးရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသ(၄) မကွေးတိုင်းဒေသကြီးရုံးမှဦးဆောင်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေကျပ် (၅၇၁.၄၅)သန်းဖြင့်  တည်ဆောက်ခဲ့သည့် တောင်တွင်းကြီးမြို့နယ်၊ ဂွေးကုန်းကျေးရွာ ငမင်ချောင်းရေတိုက်စားမှု ကမ်းပြိုကာကွယ်ရေးလုပ်ငန်း steel Basket အခြေပြုကျောက်စီမြေထိန်းတမံ အလျား (၁၀၀၀)ပေ တည်ဆောက်ခြင်း၊ အလျားပေ (၃၀၀၀)၊ အနံ (၆၀)ပေ၊ အနက်(၁၀)ပေ ချောင်းဖြောင့်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့်ပတ်သက်၍ ဒေသခံပြည်သူများ၏တင်ပြချက်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၃)သို့ ရောက်ရှိခဲ့ရာ  မန္တလေးငလျင်ကြီးလှုပ်ခက်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အလျား (၄၀)ပေ၊ အနံ (၃၀)ပေရှိ အုတ်ညှပ်တစ်ထပ်အဆောက်အဦအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လမ်းညွှန်မှာကြားခဲ့သည်။

 ထို့နောက် တောင်တွင်းကြီးမြို့နယ် မြို့မရဲစခန်း အချုပ်ထောင်သို့ရောက်ရှိပြီး မြေငလျင်လှုပ်ခက်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အချုပ်ထောင်အုတ်ရိုးအလျား (၁၀၀)၊ အမြင့် (၅)ပေ ထု နှစ်လက်မခွဲအား ကြည့်ရှု့စစ်ဆေးခဲ့ကာ  အချုပ်သားများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်သို့ရောက်ရှိကာ မြေငလျင်လှုပ်ခတ်မှုကြောင့် ပြတိုက်အတွင်း အနည်းငယ်ပျက်စီးခဲ့သည့်နေရာများကို ပြန်လည်ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)