သာပေါင်း ဇန်နဝါရီ ၁၁
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သာပေါင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ တလုပ်ကုန်း ကျေးရွာအုပ်စု၊ ဦးတိုကျေးရွာ၌ ဇန်နဝါရီလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့ရသော နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀၀၀ဝ)ကျပ်၊ လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ၊ ရန်ပုံငွေ(၁၀၅၀ဝ)၊ စုစုပေါင်းရန်ပုံငွေ (၁၁၀၅၀ဝ)နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စုစာ (၃၂၃၅၃)အား ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုန်းမောင်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လေဘေးသင့်မိသားစု လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်
မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)