နတ်မောက် မေ ၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ပေါ်ရှိ ဆီကြိတ်စက်များတွင် ဒေသခံပြည်သူများမှ မြေပဲ၊ နှမ်းနှင့် နေကြာဆီများကြိတ်ခွဲရခြင်းဖြင့် မိသားစုလုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ဆီကြိတ်စက်ပိုင်ရှင် ကိုဝင်းနိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ကျေးလက်နေပြည်သူများအဖြင့် နွေ၊ မိုး၊ ဆောင်း ရာသီများ၌ ဆီထွက်သီးနှံများစိုက်ပျိုးကြပြီး စိုက်ပျိုးရေးတောင်သူများက မိမိတို့မိသားစု နေ့စဉ်စားသုံးရန် နှမ်း၊ မြေပဲ၊ နေကြာများကို မြို့ပေါ်ရှိ ဆီကြိတ်စက်များသို့ လာရောက်ကြိတ်ကြကြောင်း၊ ဒေသထွက် ဆီထွက်သီးနှံများ လာရောက်ကြိတ်သည့်အတွက် ဆီသန့်သန့်စားသုံးရသည့်အပြင် ကျန်းမာရေးအတွက်လည်းကောင်းကြောင်း၊ အခြားဆီရောင်းသည့် ဆိုင်များတွင် နှမ်းဆီတစ်ပိသာနှင့် မြေပဲဆီတစ်ပိဿကို ငွေကျပ် (၁၄၀၀၀) ပေးဝယ်ရသည့်အတွက် မိမိမြေပဲ၊ နှမ်းနှင့် နေကြာကို ဆီကြိတ်လိုက်သည့်အတွက် မိသားစုစားသုံးရန်အပြင် အိမ်မှာမွေးထားသည့် ကျွဲ၊ နွားတိရစ္ဆာန်များအတွက်လည်း နှမ်းဖတ်၊ ပဲဖတ်၊ နေကြာဖတ်များရရှိသောကြောင့် လာရောက်ကြိတ်ခွဲကြခြင်းဖြစ်ကြောင်း၊ ကြိတ်ခွဲခအဖြစ် နှမ်းတစ်တင်းလျှင် (၈၀၀၀)ကျပ်ရရှိပြီး မြေပဲတစ်တင်းလျှင် (၉၀၀၀)ကျပ်ရရှိကာ တစ်နှစ်ပတ်လုံး အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လာရောက်ကြိတ်သူများရှိသဖြင့် ဆီကြိတ်စက်လုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မူမူစန်း