ကျောက်တံခါးမြို့နယ်တွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကျောက်တံခါး   မေ ၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ဆောင်ရွက်ကြောင်းသိရသည်။

အဆိုပါ ကျန်းမာရေးအသိပညာရေးဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  ကျန်းမာရေးဆရာမဒေါ်စန်းစန်းထွေးနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌဒေါ်ဝင့်ဝါအောင်က ကျန်းမာရေးဆိုင်ရာသိကောင်းစရာများကို ဟောပြောကြပြီး တက်ရောက်လာသည့် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးများအား အိုင်အိုဒင်းဆား၊ အားတိုးဆေးနှင့်စားသောက်ဖွယ်ရာများအား ပေးအပ်ခဲ့သည်။

ကျန်းမာရေးအသိပညာပေးဟောပြောပွဲသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် တစ်နှစ်ခွဲအောက်ကလေးနှင့်မိခင်များ တက်ရောက်ကြကြောင်းသိရသည်။

မြို့နယ်( ပြန်/ဆက်)