နတ်မောက် မေ ၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ အများပြည်သူ စားဝတ်နေရေးအဆင်ပြေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ဧပြီ ၃၀ ရက်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ လိုက်လံစစ်ဆေးခဲ့ကြသည်။
ထိုသို့ လိုက်လံစစ်ဆေးခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ နတ်မောက်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၌ ရည်ညွှန်းသတ်မှတ်ဈေးနှုန်းများထက် မြှင့်တင်ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း ရှိ/မရှိ၊ ကုန်ပစ္စည်းပြတ်လပ်မှု ရှိ/မရှိနှင့် တရားဝင်မှတ်ပုံတင်ဖြန့်ဖြူးရောင်းချထားသော အိမ်ဆောက်ပစ္စည်းများ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှု ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးခဲ့သည်။ ထို့နောက် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများအား ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချရာတွင် အကျိုးအမြတ်ရရှိရေး ထက်ဈေးနှုန်းတည်ငြိမ်ရေးကို အလေးထားဆောင်ရွက်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်ဒဏ်များ စသည့်အကြောင်းအရာတို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှဝင်း