မင်းလှ၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးသင်တန်းဆင်းပွဲပြုလုပ်

မင်းလှ မေ ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီချိန်က အ.ထ.က မင်းလှ (မြို့တွင်း) ကျောင်း သပြေခန်းမ၌ ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး၊ သင်တန်းနည်းပြများနှင့် သင်းတန်တတ်ရောက်သည့် ကျောင်းသား/သူများကို ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့သည်။

ထို့နောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးသင်တန်းတတ်ရောက်ခဲ့သည့် ကျောင်းသား/သူလေးများက သင်ယူတတ်မြောက်ခဲ့သည် အဆိုအကများဖြင့် ပြန်လည်သီဆိုကပြခဲ့ကြသည်။

အဆိုပါသင်တန်းကို အခြေခံပညာကျောင်းများမှ အသက်(၁၀နှစ်မှ ၁၅ နှစ်)ထိ ကျောင်းသား/သူ စုစုပေါင်း (၃၃) ဦးတတ်ရောက်ပြီး မြို့နယ်သဘင်အစည်အရုံးဥက္ကဋ္ဌ ဦးနိုင်ဝင်းထွန်းနှင့် သဘင်ပညာရှင်များက ဧပြီ ၂၂ ရက်မှ မတ်လ ၁ ရက်နေ့ထိ (၁၀)ရက်ကြာ နေ့စဉ်နံနက် ၉ နာရီမှ ၁၁ နာရီချိန်ထိသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)