နတ်မောက်မြို့နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ

နတ်မောက် ဧပြီ ၂၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယမန်နေ့နံနက် ပိုင်းကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး နတ်မောက်မြို့နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများဖြစ်သည့် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ သားငါးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ ရည်မှန်းချက်တာဝန်များကို သက်ဆိုင်ရာဌာန အသီးသီးအားပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက နတ်မောက်မြို့နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများ၏ ရင်းနီးမြှပ်နှံမှုရည်မှန်းချက်များအပေါ် ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း