မြို့သစ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၁၁၉၄)ဦး ဝင်ရောက်ဖြေဆိုမည်

မြို့သစ် မတ် ၇

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၉၄)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ အ.ထ.က(၁)မြို့သစ်နှင့် အ.ထ.က(ဝါးကြီးအိုင်) စာစစ်ဌာန (၂)ခုထားရှိပြီး အ.ထ.က(၁)မြို့သစ်စာစစ်ဌာနတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့်  ကျောင်းသား၊ ကျောင်းသူ (၆၀၁)ဦး၊  အ.ထ.က(ဝါးကြီးအိုင်)  စာစစ်ဌာနတွင် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၅၉၃)ဦး၊ စုစုပေါင်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၁၁၉၄)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)