ရာသီဥတုအညွှန်းကိန်းသီးနှံ အာမခံလုပ်ငန်းရေကြီးနစ်မြုပ်ပျက်စီးခြင်းအတွက် လျော်ကြေးငွေပေးအပ်

သာယာဝတီ ဖေဖော်ဝါရီ ၂၈

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ သီးနှံအာမခံလုပ်ငန်း ရေကြီးနစ်မြုပ်ပျက်စီးခြင်းအတွက် လျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကြို့ပင်ကောက်မြို့နယ်မှ တောင်သူ(၁၄၄)ဦး၏ လယ်မြေဧကပေါင်း(၁၁၈၂)အတွက် လျော်ကြေးငွေကျပ် (၃၅.၄၆)သန်းအား သာယာဝတီခရိုင်မြန်မာ့အာမခံလုပ်ငန်း တာဝန်ခံမှ တောင်သူတစ်ဦးချင်းထံသို့ ပေးအပ်ခဲ့သည်။ အခမ်းအနားသို့ ကြို့ပင်ကောက်မြို့နယ်မှ ဌာနဆိုင်ရာများနှင့် တောင်သူများ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)