ပေါင်းတည်၌ မီးဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများပေးအပ်

ပေါင်းတည် ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြိုနယ်၌ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ၌ မီးဘေးသင့်ပြည်သူများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် ဖေဖော်ဝါရီလ ၂၇ ရက် နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းကထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

အဆိုပါနေအိမ် ၂ လုံး မီးလောင်ကျွမ်းခံခဲ့ရသော မိသားစုဝင်များအား Family kit များ၊ အိမ်ဆောက်ပစ္စည်းများနှင့် အမျိုးသမီးကျန်းမာရေးသုံးပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ကူညီခဲ့ကြသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌဦးအောင်ဇော်နှင့်အဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကြည်ထွန်းနှင့်တပ်ဖွဲ့ဝင်များက မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများအသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေသား( IPRD)