ဖြူး ဖေဖော်ဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ နွေစပါးစိုက်ပျိုးနိုင်ရေးဖြူးချောင်းရေလှောင်တမံမှ ရေပေးဝေနေလျက်ရှိကြောင်း ဖြူးမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ဖြူးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ နွေစပါးစိုက်ပျိုးနိုင်ရေး(၁၇၃၈၉)ဧကစိုက်ပျိုးရန်လျာထားပြီး ဆည်ရေဖြင့်(၁၄၁၄၉)ဧက၊ အင်းအိုင်ရေဖြင့် (၄၀၉)ဧက၊ ချောင်းပိတ်ရေဖြင့် (၂၈၃၁)ဧက၊ စိုက်ပျိုးနိုင်ရေးလျာထားပြီး နွေစပါးလျာထားမှုဧကပြည့်မီရေးဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
နွေစပါးစိုက်ပျိုးနိုင်ရေး ရေပေးဝေလျက်ရှိသော ဖြူးချောင်းရေလှောင်တမံသည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၁၁၅)မိုင် လမ်းမကြီးအနောက်ဘက်တွင်တည်ရှိပြီး (၈-၁-၂၀၁၅)ရက်နေ့တွင်ဖွင့်လှစ်ကာ ရေသောက်ဧရိယာဧက(၉၀၀၀၀)အနက် ယခုနှစ်နွေစပါးစိုက်တောင်သူလယ်သမားများ အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေး ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာရေပေးဝေခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)