ပန်းတောင်း ဖေဖော်ဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် မတ်လ(၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၉၁၈)ဦး ဖြေဆိုခွင့်လျှောက်လွှာများတင်သွင်းထားကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို စာစစ်ဌာန(၆)ခုဖြစ်သည့် အ.ထ.က(ပန်းတောင်း)၊ အ.ထ.က(ဆင်တဲ)၊ အ.ထ.က(ရှားဖြူကွင်း)၊ အ.ထ.က ဂုံညှင်းတန်း၊ အ.ထ.က(ဥသျှစ်ပင်)၊ အ.ထ.က(ထုံးဘို)စာစစ်ဌာနတို့တွင် အခြေခံပညာအထက်တန်းကျောင်းများနှင့် အပြင်ဖြေကျောင်းသား/ကျောင်းသူ(၉၁၈)ဦး ဝင်ရောက်ဖြေဆိုရန် ဖြေခွင့်လျှောက်လွှာများ တင်သွင်းထားပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ကျောင်းသား၊ ကျောင်းသူများက ဖြေဆိုမည့်စာစစ်ဌာနကျောင်းများတွင် ထုတ်ယူကြပြီး အပြင်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ယူကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
လပြည့်လင်း(ပြန်/ဆက်)