သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး

သဲကုန်း ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ယနေ့နံနက်(၉)နာရီအချိန်က သက်ဆိုင်ရာစာစစ်ဌာနများ၌ စတင်ထုတ်ပေးလျက်ရှိသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် သဲကုန်းမြို့နယ်တွင် စာစစ်ဌာန(၄)ခုထားရှိပြီး အ.ထ.က(သဲကုန်း) စာစစ်ဌာနတွင် (၂၅၆)ဦး၊ အ.ထ.က(ပုတီးကုန်း) စာစစ်ဌာနတွင်(၁၅၅)ဦး၊ အ.ထ.က(ဆင်မြီးဆွဲ)စာစစ်ဌာနတွင် (၁၀၀)ဦး၊ အ.ထ.က(အင်းမ)စာစစ်ဌာနတွင်(၂၉၀)ဦး  စာရင်းပေးသွင်းထားသူ စုစုပေါင်း(၈၀၁)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ပြီး သဲကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား/ ကျောင်းသူ(၅၄၂)ဦးဝင်ရောက်ဖြေဆိုကာ အောင်မြင်သူ(၂၇၆)ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ( ၅၃.၉၁% )ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)