ဒိုက်ဦး ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဒိုက်ဦးမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။
အခမ်းအနားတွင်နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်းနှင့်ပတ်သက်၍ မြို့နယ်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးမှ အမှာစကားပြောကြားပါသည်။
ဆက်လက်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်သင်းသင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးတင်ထွဋ်မြင့်၊ အဖွဲ့ဝင်(၃)လဝကဦးစီးမှူးဦးစောထွန်းဖြူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူးဒုရဲမှူးစောရွှေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဒိုက်ဦးမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုသို့ ရောက်ရှိနေသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများအား အသီးသီးပေးအပ်ကြပါသည်။
ထို့နောက် တက်ရောက်လာကြသော နေရပ်စွန့်ခွာပြည်သူများကိုယ်စားပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။ ထိုသို့ထောက်ပံ့ရာ နေရပ်စွန့်ခွာပြည်သူတစ်ဦးအတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတစ်လစာကျပ်( ၂၀၀၀၀ )နှုန်းဖြင့်( ၄၉၄ )ဦးအတွက် သက်ဆိုင်ရာကာယကံရှင်များလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)