ကျောက်တံခါး ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းသား/သူများ၏ နှစ်ဆုံးကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုခြင်းကို ဖေဖော်ဝါရီ(၁၇)ရက်နေ့မှ စတင်ဖြေလျက်ရှိရာ ယနေ့တွင်ဖြေဆိုပြီးစီးကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၏ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ ရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများစသည့် ပူးပေါင်းအဖွဲ့များက စာမေးပွဲအေးချမ်းစွာ ဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုခြင်းကို ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် Grade-4၊ Grade-6 ၊ Grade-7 ၊ Grade-8 ၊ Grade-10 ၊ Grade-11 ၊ Grade-12 မှ ကျောင်းသားကျောင်းသူများက တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင် ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ် အခြေခံပညာကျောင်းများတွင် ယနေ့ထိ (KG မှ Grade-3) အပါအဝင် (Grade-4 ၊ Grade-6၊ Grade-7၊ Grade-8 ၊Grade-10 ၊Grade-11၊ Grade-12)မှ ဖြေဆိုသူ ကျောင်းသား/သူ (၄၃၉၈၅)ဦးရှိပြီး ပျက်ကွက်သူ(၅၈၆)ဦးရှိကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်း(၉၈.၆၉)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)