ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ နှစ်ဆုံးစာမေးပွဲများ ဆက်လက်ဖြေဆိုလျက်ရှိ

ညောင်လေးပင် ဖေဖော်ဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်း စစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှ (၂၇) ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ရာ နောက်ဆုံးနေ့ (လူမှုရေး) ဘာသာရပ်အား ယနေ့နံနက် (၉) နာရီအချိန်တွင် ညောင်လေးပင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Grade 11 နှင့် Grade - 12 ကျောင်းသား/ကျောင်းသူများက ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၌ ကျောင်းသူ/ကျောင်းသားများမှာ အေးချမ်းပျော်ရွင်စွာ ပညာသင်ယူခဲ့ကြပြီးယနေ့၌ အတန်းတင်စာမေးပွဲ နောက်ဆုံးနေ့ (လူမှုရေး) ဘာသာရပ်ကို ဖြေဆိုလျက်ရှိသည်။

အဆိုပါစာမေးပွဲကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန်၊ မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ တာဝန်ကျဆရာ/ဆရာမများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)