ဖြူးမြို့နယ်အတွင်း နွေစပါးပန်းတိုင်အထွက်နှုန်းတိုးရေး စိုက်ဧက (၁၇၃၈၉) ဧက စိုက်ပျိုးရန်လျာထား

ဖြူး ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ နွေစပါးပန်းတိုင် အထွက်နှုန်းတိုးရေးစိုက်ဧက (၁၇၃၈၉) ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိအခြေအနေအရ (၁၅၀၁၂) ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

ဖြူးမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးနိုင်ရေး ဒေသလျာထားမှုတွင် အင်းအိုင်ရေဖြင့် (၄၀၉) ဧက၊ ချောင်းပိတ်ရေဖြင့် (၂၈၃၁) ဧက၊ ဆည်ရေဖြင့် (၁၄၁၄၉) ဧက စိုက်ပျိုးနိုင်ရေး လျာထားပြီး အဓိကစိုက်ပျိုးသော စပါးမျိုးများမှာ ဆင်းသုခမျိုး၊ ရက် (၉၀) မျိုး၊ နှံကောက်မျိုး၊ ရတနာတိုးမျိုး၊ ဗီယက်နမ်မျိုး၊ YSR1 မျိုးများဖြစ်ကြောင်းနှင့် လျာထားမှုဧက ပြည်မီကျော်လွန်နိုင်​ရေး လိုအပ်သည့်စိုက်ပျိုးရေရရှိရေး၊ မျိုးစပါး၊ သွင်းအားစု စသည့်လိုအပ်ချက်များကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း  စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)