ရေတာရှည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာများသို့စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေ

ရေတာရှည် ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာများသို့စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အသေးစားကာဗွန်ထုတ်လုပ်မှုလျှော့ချရေး စွမ်းအားမြှင့်မီးဖိုများကို ယမန်နေ့နံနက်ပိုင်းက အောင်းကုန်းကျေးရွာနှင့် ဝါးရုံတောကျေးရွာတို့၌ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ စွမ်းအားမြှင့်မီးဖိုများကို စိုက်ပျိုးရေးဦးစီးဌာနမှ အဓိကအားဖြင့်လျှပ်စစ်မီးမရရှိသေးသော ကျေးရွာများသို့ စွမ်းအားမြှင့်မီးဖိုဖြန့်ဝေခြင်း စီမံကိန်းအရ ရေတာရှည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးနေလင်းဇော်နှင့် ဝန်ထမ်းများမှ ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၆) အုပ်စု၊ ကျေးရွာပေါင်း (၁၃၁)၊ အိမ်ထောင်စု (၁၁၈၆၃) စုအတွက် စွမ်းအားမြှင့်မီးဖို (၁၁၈၆၃) လုံးကို အိမ်ထောင်စုတစ်စုလျှင် (၁) လုံးစီ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)