ပဲခူး ဖေဖော်ဝါရီ ၂၅
စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းက စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “တန်ဖိုးရှိလှ လူငယ်ဘဝ" စာအုပ်အား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားပြီး ပဲခူးမြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်၊ ပဲခူးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ၊ အမျိုးသားစာပေဆုရှင် စာရေးဆရာမ ဝတ်ရည်ခင်(ပဲခူး)က စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “တန်ဖိုးရှိလှ လူငယ်ဘဝ" စာအုပ်ပါ အကြောင်းအရာများအား ဦးဆောင်ဆွေးနွေးခဲ့ပြီး စာရေးဆရာဦးထိန်လင်း(လင်းအရုဏ်ဦး-ပဲခူး)၊ ဦးသောင်းကြည် (လူညိုယဉ် -ပဲခူး)၊ စာရေးဆရာမဒေါ်နွယ်နီဝင်း(မေတ္တာမိုးနှင်း-ပဲခူး)နှင့် တက်ရောက်လာကြသော စာရေးဆရာ၊ ဆရာမကြီးများက အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးခရိုင်ရုံးအနေဖြင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)