တောင်တွင်းကြီး ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ သမဝါယမလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိတာရီထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည့်ဖြိုးအောင် ရောင်းဝယ်ရေး သမဝါယမအသင်းသားများမှ ဆောင်ရွက်သည့် ပဲကြော်၊ ပဲလှော်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့ကာ သဲကျွန်းကျေးရွာ၊ ရေပြည့်ကျေးရွာ၊ ကြည်လျှာကျေးရွာနှင့် ညောင်ရွာကျေးရွာတို့ရှိ သမဝါယမအသင်းအမှုဆောင်များနှင့် အသင်းသားများအားတွေ့ဆုံပြီး Exim Bank ချေးငွေများ ကောက်ခံခြင်း၊ ရုရှားသဘာဝရွက်ဖြန်းဆေး၊ မြေသြဇာအကျိုးပြုပုံများနှင့် သမဝါယမသင်တန်းကျောင်းများတွင် တက်ရောက်ရန် လိုအပ်သည့်အချက်အလက်များနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)