ပွင့်ဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်(၂၁)ခုအား အခြားနည်းစနစ်ဖြင့် လေလံရောင်းချပေး

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက်   ရောင်းချရန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင် (၄၆)ခုအနက် လုပ်ငန်းလိုင်စင်(၂၁)ခုအား အခြားနည်းစနစ်ဖြင့် လေလံရောင်းချပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ရောင်းချရန်ကျန်ရှိသော အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့်ပတ်သက်ပြီး ဝယ်ယူရမည့် လိုင်စင်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရောင်းချရန်ကျန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင်(၄၆)ခုအနက် လုပ်ငန်းလိုင်စင်(၂၁)ခုအား လုပ်ငန်းရှင်များမှ အခြားနည်းဖြင့် ဝယ်ယူရန်လျှောက်ထားလာမှုအပေါ် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ  အခြားနည်းစနစ်ဖြင့်  အောင်မြင်စွာ လေလံရောင်းချပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် လေလံစနစ်ဖြင့် ရောင်းချပေးမည့် အရပ်ရပ်အခွင့်အရေးလိုင်စင်များဖြစ်သော အမဲ၊ ဆိတ်၊ ဝက်လုပ်ငန်းလိုင်စင်၊ မြို့ပြနှင့် ကျေးလက်ဒေသအခွန်ကောက်လုပ်ငန်းများဖြစ်သည့် ဈေးကောက်၊ စက်ဘီးရပ်နားအခွန်ကောက်၊ ရေလောင်းအိမ်သာ အခွန်ကောက်လုပ်ငန်းလိုင်စင်၊ စုစုပေါင်း လုပ်ငန်းလိုင်စင်(၅၀)ခုရှိရာ ယနေ့ထိ ဈေးပြိုင်စနစ်ဖြင့် လုပ်ငန်းလိုင်စင်(၄)ခု၊ အခြားနည်းဖြင့် လုပ်ငန်းလိုင်စင်(၂၁)ခု စုစုပေါင်းလုပ်ငန်းလိုင်စင်(၂၅)ခု ရောင်းချပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရောင်းချရန် ကျန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင်(၂၅)ခုကိုလည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း  ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)