မော်လမြိုင်ကျွန်းမြို့နယ်၊ မြင်းကကုန်း အ-ထ-က (ခွဲ)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ်၊ မြင်းကကုန်းကျေးရွာ၊ အ-ထ-က(ခွဲ) ကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ချိုက အဖွင့်အမှာစကား ပြောကြားပြီးနောက် မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နုနုအေးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာ  ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရန်နှင့် အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သော အလေ့အထကောင်းများ ရရှိလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ်  Grade- 11 မှ မဝင့်ဝါခိုင်၊ Grade-10 မှ မအိမ်မှူးဇင်၊ Grade-10 မှ မောင်ခန့်ညားနိုင်၊ Grade-10မှ မောင်အောင်ဇွဲမာန်တို့က စာကြည့်တိုက်တွင်ပညာရှာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မယဉ်မင်းလွင်၊ မခင်ဆည်းဆာနှင့် မဖူးဝတ်လွှာတို့က ကျန်းမာခြင်းသည်လာဘ်တစ်ပါး  ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။ အခမ်းအနားသို့ တက်ရောက်သူ ကျောင်းသား၊ ကျောင်သူ စုစုပေါင်း (၂၉၈)ဦးရှိကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)