ပြည် ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ စက်သုံးဆီဆိုင်အရောင်းဆိုင်များ၌ မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေးနှင့်မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ထားမှု ရှိ/ မရှိအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူနှင့်တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးကျော်လင်းစိုးက စက်သုံးဆီအရောင်းဆိုင်များမှ မန်နေဂျာနှင့်ဝန်ထမ်းများအား မီးလောင်မှုမဖြစ်ပေါ်ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ရမည့်နည်းလမ်းများနှင့် အကြံပြုချက်များကို ဆွေးနွေးပြောကြားပြီး တပ်ဖွဲ့ဝင်များကမိန်းပလပ်ခုံနှင့် လျှပ်စစ်မီးကြိုးများသွယ်တန်းထားမှုအခြေအနေ၊ မီးချိတ်/မီးကပ်၊ သဲပုံး/ရေပုံးနှင့် မီးသတ်ဆေးဘူးများ စနစ်ချိတ်ဆွဲထားရှိမှု ရှိ/မရှိအခြေအနေနှင့် ဆီသိုလှောင်ကန်များ ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ပြုပြင်ရန်လိုအပ်သည်များကို ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ပြည်မြို့နယ်တွင် လင်းရောင်ခြည်၊ New Day၊ အဏ္ဏဝါထွန်း(၂)နှင့် သမာဓိသုခအပါအဝင် စက်ဆုံးဆီအရောင်းဆိုင်ပေါင်း(၂၃)ဆိုင်ရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)