ဇလွန် ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အခြေခံအိမ်ထောင်စုများအား ကြက်ဥများကို သက်သာသောစျေးနှုန်းဖြင့် ယနေ့နံနက် ၈ နာရီတွင် မြို့မစျေးသစ်တွင် ရောင်းချပေးခဲ့သည်။
အခြေခံအိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူပေါင်း၍ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား ကုန်စျေးနှုန်းတည်ငြိမ်စေရန်အတွက် ကြက်ဥတစ်လုံးလျှင် (၃၇၀)ကျပ်နှုန်းဖြင့် ကြက်ဥအလုံး (၂၀၀၀)ကို လိုအပ်သလို ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)