ဆင်ပေါင်ဝဲမြို့အခြေခံပညာအထက်တန်းကျောင်း၌ တီဘီရောဂါစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းအခြေပြု တီဘီရောဂါစမ်းသပ်စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီနှင့် ကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါလက္ခာများနှင့် တီဘီရောဂါဖြစ်ပွားစေတတ်သော အကြောင်းအရာများအားအသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာ လတ်တလောချောင်းဆိုးအချွဲကြပ်နေသူများကို တီဘီရောဂါပိုးရှိ/မရှိစစ်ဆေးခြင်းများပြုလုပ်၍ လိုအပ်သည့် ဆေးကုသမှုများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)