ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို  အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်

ကျိုက်ထို ‌ဒီဇင်ဘာ ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး‌ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးယုဝေက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးရေရှည်တည်တံ့စေရန် ဝိုင်းဝန်းထိန်းသိမ်းရမည့်အကြောင်းတို့ကို ဆွေးနွေးဟောပြောပြီး စွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ပေးကာ ထူးချွန်သူများအား လက်ဆောင်ပစ္စည်းများပြန်လည်‌ ပေးအပ်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ လွတ်လပ်ရေးရရှိ‌‌အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးသူငယ်စစ်မှုထမ်းခြင်းမှ ကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ က‌လေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကိုပြသရာ တက်ရောက်လာသော ကျောင်းသား၊‌ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)