ကန်ကြီးထောင့် ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲအား ယမန်နေ့ နံနက် (၉) နာရီအချိန်မှစတင်၍ ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြသည်။
အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား(၁၉)ဦး ၊ ကျောင်းသူ(၂၄)ဦး၊ စုစုပေါင်း (၄၃)ဦး စာရင်းပေးသွင်းထားပြီး ဖြေဆိုသူ ကျောင်းသား(၁၉)ဦး ၊ ကျောင်းသူ(၂၃)ဦး၊စုစုပေါင်း(၄၂)ဦးရှိရာ လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကာလအား ဒီဇင်ဘာလ (၄)ရက်နေ့မှ (၆)ရက်နေ့အထိဖြစ်ပြီး ထို (၃)ရက်အတွင်း မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ အထွေထွေဗဟုသုတနှင့် ကိုယ်လက်ကြံ့ခိုင် စသည်တို့အား စစ်မေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)