ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ပေါက်ခေါင်း  နိုဝင်ဘာ  ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က  ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရန်၊ စိတ်ကူးဉာဏ်များရင့်သန်စေရန်၊ ပြောရဲဆိုရဲသည့်သတ္တိများရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဗဟုသုတဖြစ်ဖွယ်အသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက် ကျောင်းသား၊ကျောင်းသူများလူအများရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိရှိစေရန် ပုံပြင်ပြောပြိုင်ပွဲဆက်လက်ကျင်းပရာ အခြေခံပညာမူလတန်းလွန်ကျောင်း(ရွာထောင်)ကျောင်းမှ Grade-4 နှင့် Grade-5 ကျောင်းသား၊ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်နှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများကိုလည်း လက်ဆောင်ပစ္စည်းများ‌ပေးအပ်ခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)