ငပုတော နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့မစျေးအတွင်းရှိ စားအုန်းဆီလက်လီ/လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်မျိုးစုံအရောင်းဆိုင်များတွင် ပုံမှန်စျေးနှုန်းများဖြင့် ရောင်းချခြင်းရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့သို့စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့များက ကုန်ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း၊ ရောနှောရောင်းချခြင်း၊ မမှန်မကန်ဆောင်ရွက်ခြင်းများနှင့် သတ်မှတ်စျေးနှုန်းဖြင့်ရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)