ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက် ဂျိုင်ကြီး အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ပြုလုပ်

ရွှေသောင်ယံ နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက် ဂျိုင်ကြီးအခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ မွန်လွဲ(၁)နာရီအချိန်က ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ရီရီလွင်မှ ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတရရှိစေရန် ကျောင်းစာအပြင် ကောင်းမွန်သောပြင်ပစာပေများပါဖတ်ရှုလေ့လာသင့်ကြောင်းနှင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းတို့ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများနှင့် အခြေခံပညာမူလတန်းကျောင်း ဂျိုင်ကြီးမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုံညီစွာတက်ရောက်ခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)