ပန်းတနော် နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲတို့ကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်၀င်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးကိုကိုမောင်က အမျိုးသားနေ့ပေါ်ပေါက်လာပုံအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် “လူငယ်နှင့်အမျိုးသားရေးတာ၀န်” ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပရာ ပန်းတနော်မြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဆယ့်နှစ်ရွာကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများက ပါဝင်ယှဥ်ပြိုင်ခဲ့သည်။ ထို့နောက် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား တက်ရောက်လာကြသည့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပြသထားသည့် နံရံကပ် စာစောင်များအား ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)