မော်လမြိုင်ကျွန်းမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

မော်လမြိုင်ကျွန်း နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျော်ဇံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမာက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်နုနုအေးက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပပြုလုပ်ရာ  Grade-11 မှ  ကျောင်းသား မောင်မင်းခန့်အောင်၊ မောင်ချစ်ကို၊ မောင်ပြည်စုံကျော်၊ ကျောင်းသူ ဂျေမီမီကျော်နှင့် မယွန်းမီမီဇော်တို့က လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ ကျောင်းသား မောင်ကြည်ခိုင်၊ မောင်ဝေလင်းဇော်၊ မောင်ထွဋ်ထွဋ်နှင့် ကျောင်းသူ မအိသုဒ္ဒါဖြိုးတို့ကလူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊  Grade-11 မှ ကျောင်းသား မောင်စိုးမင်းထွဋ်၊ မောင်ကြည်လင်းနိုင်၊ မောင်ဇင်မင်းထက်နှင့် ကျောင်းသူ မမြင့်မြတ်မိုးတို့က  လူငယ်နှင့် အားကစားခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)