စလင်း နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် (၂၀၂၄-၂၀၂၅)ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွင်း မိုးရွာသွန်းမှုကောင်းမွန်ခဲ့၍ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ တောင်သူများအနေဖြင့် သီးနှံဝင်ငွေတိုးပွားရေးကို အလေးထား၍ စိုက်ပျိုးလာကြရာ ယခုနှစ်စိုက်ပျိုးပြီးစီးခဲ့သည့် ချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သည့် ဒေသခံတောင်သူများထံမှ သိရသည်။
စလင်းမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ သဘာဝမိုးရေနှင့် မြေအောက်ရေကိုစုပ်ယူ၍ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု စွမ်းအားဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံတောင်သူအများမှ ချည်မျှင်ရှည်ဝါစိုက်ပျိုးခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးပြီးစီးခဲ့ရာ ချည်မျှင်ရှည်ဝါစိုက်ဧက၊ ၂၉၀၇၅ ဧကစိုက်ပျိုးပြီးစီးခဲ့သည်၊ ဒေသခံတောင်သူများမှ ဝါစိုက်ခင်းများကို တစ်ဧက ပန်းတိုင်ထွက်ရှိရေးအတွက် မြေဆွပေါင်းသင်ခြင်းနှင့် ပိုးမွှားရောဂါ မကျရောက်စေရန် ကြိုတင်ကာကွယ်ပိုးသတ်ဆေးများဖြန်းခြင်းနှင့် အပင်များကြီးထွားသန်မာစေပြီး အဖူးအပွင့်များထွက်စေရန် မြေသြဇာကျွေးခြင်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။
ဝါစိုက်ခင်းများအား စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဝါသီးနှံများ အထွက်နှုန်းတိုးတက်စေရေး နည်းလမ်းများကို မျှဝေ၍ ကွင်းဆင်းကြီးကြပ်မှုများပြုလုပ်၍ အခြေခံစိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိရာ ဝါသီးနှံစိုက်ပျိုးတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေပြီး စျေးကွက်ဝင်ချည်မျှင်ရှည်ဝါသီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံးဝါသီးနှံစိုက်ဧက၊ ၂၉၀၇၅ ဧက အား စိုက်ပျိုးပြီးစီးနိုင်ခဲ့သည်၊ ယခုနှစ်ချည်မျှင်ရှည်ဝါသီးနှံစိက်ပျိုးခြင်းကို ဖောင်းလင်းကျေးရွာအုပ်စု၊ အင်ကြင်းပင်လှကျေးရွာအုပ်စု၊ တညောင်ကျေးရွာအုပ်စု၊ ကံပြားကျေးရွာအုပ်စုနှင့် လင်းဇင်းကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာအများအပြားစိုက်ပျိုးကြရာ မိုးနှောင်းချည်မျှင်ရှည်ဝါ၊ ၂၆၉၈၅ ဧက၊ မိုးကြိုး ၂၀၉၀ ဧက၊ စိုက်ပျိုးနိုင်ခဲ့ပြီး ဒေသခံတောင်သူများ ဝါသီးနှံစိုက်ပျိုးရေးနှင့် ပတ်သက်၍ သီးနှံအထွက်နှုန်းကောင်းမွန်စေရန်အတွက် စိုက်ပျိုးရေးနည်းစနစ်ကောင်းများ ဖြန့်ဝေရင်းဖြင့် သီးနှံပိုးမွှားရောဂါ မကျရောက်စေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် စိုက်ပျိုးရေးသွင်းအားစုများကို စနစ်တကျ အလှည့်ကျသုံးစွဲရေးနည်းလမ်းများ စိုက်ပျိုးရေးအတွက် အကုန်အကျသက်သာစေမည့် သဘာဝပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲနည်းများနှင့် စိုက်ပျိုးရေးနည်းစနစ်များကို အပတ်စဥ်သင်ကြားပြသပို့ချ၍ တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်၍ တောင်သူအသိပညာပေးပွဲများ ပြုလုပ်ခြင်းများဖြင့် ယခုအခါ ရာသီဥတုကောင်းမွန်၍ ဝါစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ဝါသီးနှံပေါ်ချိန်တွင် စျေးကွက်ဝင်၍ စျေးကောင်းရရှိရန်မျှော်လင့်ကြောင်း ချည်မျှင်ရှည်ဝါ စိုက်ပျိုးတောင်သူများထံမှ သိရသည်။ မောင်လွင်(ပြန်/ဆက်)