ရွှေသောင်ယံ နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ် (၃) ရပ်ကွက်တွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် သပေါ့ကန်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမဒေါ်သီတာဝင်း၊ ရွှေသောင်ယံမြို့ကျေးလက်ကျန်းမာရေးဌာနခွဲရှိ သားဖွားဆရာမဒေါ်မို့မို့ဝင်းတို့မှ ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောပြီး ယင်လုံအိမ်သာများ ရှိ၊ မရှိ စစ်ဆေးခြင်း၊ သောက်သုံးရေးများ သန့်ရှင်းမှုရှိမရှိစစ်ဆေးခြင်း၊ ကမ်းခြေတွင်ဈေးရောင်ချသူများ အစားအစာများသန့်ရှင်း လတ်ဆတ်စေရန် မှာကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် သပေါ့ကန်ကျေးလက်ကျန်းမာရေးဌာနနှင့် ရွှေသောင်ယံမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲရှိဆရာမများ၊ အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ၊ ကျောက်မောင်နှမကမ်းခြေတွင်နေထိုင်ကြသော ဈေးဆိုင်ခန်းများရှိ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)