ကျိုက်မရောမြို့၌ မွန်ပြည်နယ် မြေစာရင်းဦးစီးဌာန၏ (ပဉ္စမ) အကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် ကျင်းပ

ကျိုက်မရော နိုဝင်ဘာ ၁၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မြေစာရင်းဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဝန်ထမ်းမိသားစုများ စုပေါင်းလှူဒါန်း ပြုလုပ်သည့် (ပဉ္စမ) အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက ကျိုက်မရောမြို့ မြိုင်သာယာဘေးမဲ့ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ငွေပဒေသာပင်များနှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို ကျိုက်မရောမြို့နယ် မြေစာရင်းဦးစီး ဌာနရုံးမှ မြိုင်သာယာဘေးမဲ့ဘုန်းတော်ကြီးကျောင်းသို့ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သိန်း ဦးဆောင်၍ ဝန်ထမ်းများက မြို့တစ်ပတ်လှည့်လည်ကာ ကထိန်ခင်းမည့် ဘုန်းကြီးကျောင်းသို့ ငွေပဒေသာပင်များကို စည်ကားသိုက်မြိုက်စွာ လှည့်လည်ပို့ဆောင်ခဲ့ကြပြီး ဧည့်ပရိသတ်များအား စတုဒိသာ ထမင်းဟင်းများ၊ ဘူးသီးကြော်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)