မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သမိုင်းဝင် (၁၆) ဌာန ကျိုက်ဆေကလောင် ရှေးဟောင်းစေတီတော်မြတ်ကြီး ပြန်လည်မွမ်းမံပြုပြင်နိုင်ရေး ကြည့်ရှု

ပေါင် နိုင်ဝင်ဘာ ၁၀

မွန်ပြည်နယ်အတွင်း ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အဦးများတွင် သာယာလှပမှုရှိစေရေးအလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ‌ပေါင်မြို့နယ်၊ မုတ္တမတောင်ရိုးတန်းတွင် တည်ထားကိုးကွယ်တော်မူသည့် သမိုင်းဝင် (၁၆) ဌာန ကျိုက်ဆေကလောင် ရှေးဟောင်းစေတီတော်မြတ်ကြီး ပြန်လည်မွမ်းမံပြုပြင်နိုင်ရေးအတွက် ကြည့်ရှုခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက  မုတ္တမကျေးရွာအုပ်စု၊ ဇေတဝန်ရပ်ကွက်ရှိ ကျိုက်ဆေကလောင် ရှေးဟောင်းစေတီတော်မြတ်ကြီးတွင်  သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး စေတီတော်မြတ်ကြီးအား ရှေးဟောင်းမူမပျက်အတိုင်း ပြန်လည်မွမ်းမံပြုပြင် ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကျိုက်ဆေကလောင် ရှေးဟောင်းစေတီတော်မြတ်ကြီးကို လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းကုသိုလ်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မွန်မလေး (ပြန်/ဆက်)