ကျိုက်မရော အောက်တိုဘာ ၂၂
ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာနှင့် စားသုံးရန်မသင့် သော အစားအစာများအကြောင်း ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၄) မူလတန်းကျောင်းရှေ့တွင်ပြုလုပ်ခဲ့သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများကို ပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးစိုးညီညီက ကျောင်းသူ၊ ကျောင်းသားများအတွက် စားသုံးရန်မသင့်သော မုန့်များ၊ အချိုရည်ဘူးများ၊ အသားလုံးများအား စားသောက်ခြင်း၏ ဆိုးကျိုးများ၊ မှတ်ပုံတင်ထားခြင်းမရှိသည့် မုန့်များအား မစားသုံးရန်အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကလေးအလုပ်သမားပပျောက်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)