လပွတ္တာ အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်ရှိ အောင်တော်မူဘုရားဝန်းအတွင်း၌ ပထမအကြိမ်မြောက် စာရေးတံဆွမ်းလုံးလောင်းလှူပွဲကို ယနေ့နံနက် ၉ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွမ်းလုံးလောင်းလှူပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့်တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်မိသားစုများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်မိသားစုများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံလုပ်ငန်းရှင်များ၊ စေတနာရှင်အလှူရှင်များ စုစုပေါင်း (၁၃၀၀) ဦး ခန့်တက်ရောက်ခဲ့ကြပြီး မြို့နယ်လုံးဆိုင်ရာ ဝါဆိုဝါကပ်တော်မူကြသော ကျောင်းပေါင်း (၆၂) ကျောင်းမှ ရဟန်း (၃၈၁) ပါး၊ သာမဏေ (၂၀၄) ပါး၊ သီလရှင်ဆရာကြီး/ ဆရာလေး (၈၄) ပါး၊ စုစုပေါင်း (၆၆၉) ပါးတို့အား စာရေးတံသပိတ်တစ်လုံး ဆွမ်းလုံးနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မူမူ