ပေါင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

ပေါင်   အောက်တိုဘာ 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူနေမှုအား ယနေ့နံနက်ပိုင်းက သထုံခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ သထုံတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်ဟိန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်း‌အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့မှ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ပေါင်မြို့နယ်၊ ကျုံက‌ကျေးရွာ၊ ကျွဲခြံကျေးရွာ၊ ဆား‌ဖိုစု ရပ်ကွက်အတွင်းရှိ သန်းခေါင်စာရင်းကောက်ကွက် (၇) ရပ်ကွက်တို့၌ စာရင်းကောက်(၂၈)ဦးတို့က လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိရေးအတွက် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များ၊ အိမ်အကြောင်းအရာများ စနစ်တကျ မေးမြန်းနေမှုများကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က တစ်အိမ်တက်ဆင်း လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးကူညီပေးခဲ့ကြသည်။

ပေါင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အသီးသီးတို့၌ သန်းခေါင်စာရင်းကောက်ကွက်စုစုပေါင်း (၄၂၆) ကွက်ရှိပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် (၁၅၂) ဦးတို့မှ လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)