ပေါင် စက်တင်ဘာ ၂၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနမှ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြသည်။
လိုက်လံနှိုးဆော်ရာတွင် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသော အပူပိုင်းမုန်တိုင်း ဆိုးလစ်ခ်(SOULIK)၏ အရှိန်ကြောင့် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်မှ ၂၅ ရက်နေ့အတွင်း မွန်ပြည်နယ်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တို့၌ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရေး ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ လှည့်လည်နှိုးဆော်ခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)