ပခုက္ကူမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပခုက္ကူ စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပသည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးမြတ်မင်းနှင့်ဝန်ထမ်းများက စားသုံးသူပြည်သူ များ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူကော်မတီအဆင့်ဆင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက် ပေးနေမှုများ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုကို တိုက်ရိုက်သုံးစွဲသူပြည်သူအများရရှိခံ စားရမည့် အကျိုးကျေးဇူးများနှင့်သိရှိသင့်သည့် အချက်အလက်များအကြောင်းတို့ကို အသိပညာပေးရှင်းလင်းဟောပြောကြသည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ကျောင်းသူများတက်ရောက်ကြပြီး ဟောပြောမှုအပေါ်နားလည်မှတ်သားနိုင်မှုစွမ်းရည်များမေးမြန်းကာ အဖြေမှန်ရရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ စားသုံးသူရေးရာဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)